
အမြင့်ဆုံးကိုပျံသန်းမဲ့ကိုယ့်ကလေးတွေ နိုင်ငံခြားမထွက်ခင် အမြန်စီစဉ်ခဲ့ရတဲ့ GIC ရဲ့ 4th Graduation Ceremony Graduation ပွဲတွေမှာ Tr Ye Wah ပထမဆုံး Graduation Speech ပြောတဲ့ပွဲလေးဂုဏ်ယူခြင်း ပျော်ရွှင်ခြင်း နဲ့ အတူ ခွဲရတော့မဲ့ကလေးတွေကို လွမ်းနေတဲ့ ခံစားချက်တွေ ကြောင့် စကားဆုံးအောင် မပြောနိုင်ပဲ ဝမ်းသာ ဝမ်းနည်း မျက်ရည်ကျမိတဲ့ပွဲလေးချစ်လို့မဝသေးခင် ပြီးသွားတဲ့အတန်းက သား သမီးတွေအချိန်ပို တက်ရပြီး တီချယ်ကျွေးတဲ့ မုန့်မစားလိုက်ရတဲ့ကလေးတွေ ဘယ်လို အခြေအနေ ပဲ ဖြစ်ဖြစ် လက်မလျှော့ နောက်မဆုတ် အရှုံးမပေးပဲ ကြိုးစားခဲ့ကြတဲ့ကလေးတွေ သားတို့ သမီးတို့က အောင်မြင်မှုတွေနဲ့ အမှန်တကယ်ထိုက်တန်ပါတယ် ။ကိုယ့်ထက်တော်တဲ့ ရှေ့လျှောက်လည်း တီချယ်တို့ထက် ပိုသာမဲ့ ကလေးတွေကို သင်ကြားခွင့်ရခဲ့လို့လည်းဂုဏ်ယူတယ် ။အခုလို အောင်မြင်မှုတွေ ရအောင်သင်ကြားပေးတဲ့ ဆရာဆရာမ တစ်ဦးချင်းစီနဲ့ ပံ့ပိုးပေးတဲ့ GIC Team member တစ်ယောက်ချင်းစီ တိုင်းကိုလည်း ကျေးဇူးအထူးတင်ပါတယ် ။ GIC ကို ယုံကြည်ပြီး International School ကျောင်းအကြီးကြီး တွေကနေ ပြောင်းလာခဲ့တဲ့ ကျောင်းသား ကျောင်းသူတွေကိုရော မိဘတွေကိုပါ ပြောမပြတတ်အောင် ကျေးဇူးတင်ပါတယ် ။ GIC ကိုပြန်လာလည်ကြပါဦးနော် ။
ချစ်တဲ့
Tr Ye Wah